ပန်း​တောင်းမြို့တွင် ဆီထွက်သီးနှံ နေကြာဧကပေါင်း ၂၈၃ ဧက စိုက်ပျိုးနိုင်ခဲ့

ပန်းတောင်း မတ် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံးအတိုင်း အတာဖြင့် ဆီထွက်သီးနှံနေကြာကို ဧက ပေါင်း ၂၈၃ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ အစီအစဉ်ဖြင့် အောက်တိုဘာလက ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ အိပ်(၁၀၀)အား တောင်သူများထံအခမဲ့ ဖြန့်ဝေပေးခဲ့ရာ ပန်းတောင်းမြို့တွင် နေကြာစိုက်ပျိုးနိုင်သော မြေအမျိုး အစားအားလုံးတွင် တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း တောင်ဘို့ကြီးကျေးရွာအုပ်စုမှ တောင်သူဦးဖိုးမြိုင်က ဧကပေါင်း ၃ဧကနှင့် မြောင်ကျေးရွာမှ တောင်သူဦးမျိုးမင်းသူ၊ ဦး​မြင့်ဆွေတို့မှ နေကြာသီးညှပ်(၄)ဧက၊ မင်ရပ်ရပ်ကွက်မှတောင်သူ ဦးသီရိမှ နေကြာသီညှပ်(၂)ဧက၊ ထုံဘိုကျေးရွာတောင်သူ ဦးကျော်စွာဝင်း နေကြာ သီးသန့်(၃)ဧကတို့ကို အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ခဲ့၍ လာမည့်ဆောင်သီး နှံစိုက်ရာသီတွင်လည်း မျိုးကောင်းမျိုးသန့် ပြန်လည်အသုံးပြုဖြန့်ဝေနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်အေးအေးသင်းထံမှ သိရသည်။

ပန်း​တောင်းမြို့တွင် ဆီထွက်သီးနှံနေကြားအား ဆောင်သီးနှံပဲခင်းများတွင် သီးထပ်သီးညှပ်စိုက်ပျိုးခြင်းအပြင် သီးသန့်စိုက်ပျိုးခြင်းများဖြင့် ဧကပေါင်း ၂၈၃ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းလာမည့် ဆီထွက်သီးနှံစိုက်ပျိုးရာသီမှာလဲ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ဖို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးသင်းထံမှ သိရပါတယ်။

သင်းသင်းအေး(ပြန်/ဆက်)