ကျိုင်းတုံ မတ် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ကျိုင်းတုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန် စသည့်လုပ်ငန်းတာဝန် ၃ ရပ်၏ အဓိကအရေးပါသည့် သတင်းပညာနှင့်ပတ်သက်ပြီး ပြည်သူများ သိသင့်သိထိုက်သည့် သတင်းအမှန်ပြန် ကြားခြင်းများ၊ ပြည်သူ့ရေးရာနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ ဒေသတွင်းသတင်း ပြန်ကြားခြင်းလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀း၀၀) နာရီက ကျိုင်းတုံခရိုင်၊ Comm unity Centre ခန်းမတွင် သတင်းရေးသားတည်းဖြတ်ခြင်း ဆိုင်ရာဆွေးနွေးပွဲအား ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် တွဲပြည်နယ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးမောင်က သတင်းပညာ၏ ဖွင့်ဆိုချက်များ၊ သတင်းရယူ၊ ရေးသားခြင်းဆိုင်ရာများ သတင်းတည်းဖြတ်ခြင်းပညာ (editing)၊ သတင်းဓါတ်ပုံပညာ (Photojournalism) များအားလက်တွေ့ပြသဆွေးနွေးခဲ့ပြီး ကျိုင်းတုံခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက သတင်းရေးသားရာတွင် အဓိကလိုက်နာသင့်သည့် အချက်များ၊ သတင်းအချက်အလက်ပြည့်စုံမှန်ကန်မူရှိစေရန်နှင့် သတင်းတပုဒ်တွင် အရေးကြီးသည့် သတင်းအဖွင့်အပိုဒ်အား စိတ်ဝင်စားဖွယ်ရေးသားပေးပို့ကြရန်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး ဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် ကျိူင်းတုံခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးများနှင့် ခရိုင်ရုံးဝန်ထမ်းများမှသတင်းရေးသားခြင်း၊ တည်းဖြတ်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ မရှင်းလင်းသည်များအားမေးမြန်း၍ ဗီဒီယိုတည်းဖြတ်ခြင်းများအား လက်တွေ့လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျိုင်းတုံခရိုင်(ပြန်/ဆက်)