တောင်သာ မတ် ၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲများကို တောင်သာမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကလေးများလာရောက် ဆော့ကစားစေရန်အတွက် ကစားနည်းနှင့် ပြိုင်ပွဲများဖြစ်ကြသည့် အရုပ်ဆက်ကစားနည်း၊ ပူစီဖောင်းဖောက်ကစားနည်း၊ အိမ်ဆောက်ကစားနည်း၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲစသော ကစားနည်း နှင့် ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ လစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုလ မတ်လ(၁)ရက်နေ့မှစတင်၍လည်း အရုပ်ဆက်ကစားနည်း၊ ပူစီဖောင်း ဖောက်ကစားနည်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ ကြောင်းနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲသို့ အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ(၁၂)ဦးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ ကြောင်းသိရသည်။
ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဦးစီးအရာရှိ(တာဝန်ပေး)ဒေါ်မြင့်ကေခိုင်မက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ပြိုင်ပွဲဝင် ကျောင်းသား/သူများမှ အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲသို့ တက်ရောက်ခဲ့ သည့် ကျောင်းသား/သူများအား ဦးစီးအရာရှိ (တာဝန်ပေး)နှင့် ဝန်ထမ်းများမှ ဗလာစာအုပ်၊ ဘောပင်နှင့်မုန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)