ကျောက်မဲမြို့နယ်၊ စည်ပင်သာယာရေးဌာနတွင် အရပ်ရပ် အခွင့်အရေးလိုင်စင်များနှင့် သားသတ်လိုင်စင်များသက်တမ်းတိုးခြင်း၊ ဈေးပြိုင်စနစ်ဖြင့် ရောင်းချခြင်းများဆောင်ရွက်

ကျောက်မဲ မတ် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ စည်ပင်သာယာရေးဌာနခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျောက်မဲမြို့နယ်(မိုင်းငေါ့မြို့၊ မိုင်းလုံမြို့အပါအဝင်) စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ၊ သားသတ်လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးခြင်း/ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလေလံတင်‌ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေ တက်ရောက်အမှာစကားပြောကြားပြီး၊  မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိက လေလံစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက်  လေလံတင်ရောင်းချရေးအဖွဲ့ တာဝန်ရှိသူများ၏  ရှေ့မှောက်တွင်  သားသတ်လိုင်စင်၊ မြို့အဝင် ဘီးခွန်လိုင်စင်၊ ဈေးကောက်လိုင်စင်၊ အပေါင်ဆိုင်လိုင်စင် အစရှိသည့်လုပ်ငန်း ၃၈ ခုအား ဈေးပြိုင်စနစ်ဖြင့် ပွင့်လင်းမြင်သာစွာ လေလံတင် ရောင်းချနိုင်ခဲ့ရာ ငွေကျပ်သိန်း (၄၉၀၀)ကျော်ရရှိခဲ့ကြောင်း သိရသည်။

ကျန်ရှိ မိုင်းလုံမြို့မအမဲလိုင်စင်နှင့် အရပ်ရပ်အခွင့်အရေး လိုင်စင် ၅ ခုအား မတ်လ ၁၄ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ရောင်းချနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောက်မဲမြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ၏ ပြောကြားချက်အရ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)