ပွင့်ဖြူမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ကျေးလက်နေ ပြည်သူများကို ဆေးထိုးအဖွဲ့ (၉)ဖွဲ့ဖြင့် ကွင်းဆင်း ထိုးနှံပေး

ပွင့်ဖြူ မတ် ၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရေး အတွက် ကာကွယ်‌ဆေးထိုးနှံရန် ကျန်ရှိသော ကျေးလက်နေ ပြည်သူများကို ယနေ့ နံနက် ၉ နာရီက  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးအဖွဲ့(၉)ဖွဲ့ဖြင့် ကျေးရွာအရောက် ကွင်းဆင်းထိုးနှံ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျေးရွာအရောက် ကွင်းဆင်းပြီး ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို   ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးအဖွဲ့ (၉)ဖွဲ့ခွဲပြီး ပွင့်ဖြူမြို့နယ် ညောင်ပင်ကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာအုပ်စု၊ လက်ခုပ်ကျေးရွာအုပ်စု၊ သရက်တော ကျေးရွာအုပ်စု၊ နန်းတော်ကျွန်း ကျေးရွာအုပ်စု၊ ဆင်လူးကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာအုပ်စုနှင့် ထနောင်းကုန်း ကျေးရွာအုပ်စုနှင့် မဒဲကျေးရွာအုပ်စုသို့ ကွင်းဆင်းပြီး  ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဒေသခံပြည်သူများနှင့် သက်ကြီး ဘိုးဘွားများကို ကျန်းမာရေးစစ်ဆေးပြီး ကာကွယ်ဆေး စနစ်တကျ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးပြီး ဒေသခံ ပြည်သူများ ကာကွယ်ဆေး အဆင်ပြေစွာ ထိုးနှံနိုင်‌ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်နှင့် တစ်မြို့နယ်လုံး ကာကွယ်ဆေး အပြည့်အဝ လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် ကျန်ရှိသည့်ကျေးရွာများကိုလည်း ဆက်လက် ကွင်းဆင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)