အမြို့မြို့အနယ်နယ်သတင်းများ

Mar 06,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီတို့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၇ နာရီခွဲအချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Mar 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်၏ လူစည်ကားရာ မြို့မဈေးကြီးနှင့် မြို့နယ် မီးသတ်စခန်းရှေ့တို့တွင် ပြုလုပ်ခဲ့ကြသည်။ 
Mar 06,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ ရာနှုန်းပြည့်လွမ်းခြုံမှုရှိစေရန် Mobile စနစ်ဖြင့် အသက် (၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူ များနှင့် (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်း ကို ယမန်နေ့ နံနက် ၉ နာရီခန့်တွင် Mobile စနစ်ဖြင့် ကလိန်အောင်မြို့ အဝင်/အထွက် ကလိန်အောင်တံတားထိပ် စစ်ဆေးရေးဂိတ်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် အပြင်ထွက်သွားလာပါက မဖြစ်မနေ နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်သွားလာမှု ရှိစေရေးအတွက် ယနေ့နံနက် (၇)နာရီအချိန်ခန့် က သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းပြီး မြို့မဈေးရှေ့ ပြည်ထောင်စုလမ်းမကြီး၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ ပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်များနှင့် တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် (၈)နာရီအချိန် က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Mar 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မရှိစေရန်နှင့် လျော့ကျစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်(Covishield) ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Mar 06,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဖား​ဆောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ​ဆောင်ရွက်ခဲ့သည့် အိမ်​ထောင်စု လူဦး​ရေစာရင်းနှင့် နိုင်ငံသားစိစစ်​ရေးကတ်ပြားများ ​ပေးအပ်ပွဲကို ယမန်​နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါဝန်ကြီးဌာန၊ ဖား​ဆောင်းမြို့နယ် ဦးစီမှူးရုံးခန်းမ၌ ကျင်းပကြသည်။