ဖားဆောင်း မတ် ၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဖားဆောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါဝန်ကြီးဌာန၊ ဖားဆောင်းမြို့နယ် ဦးစီမှူးရုံးခန်းမ၌ ကျင်းပကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖားဆောင်းမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ပေးအပ်ပွဲတွင် ပန်းခင်းစီမံချက်ဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မော်ချီးကျေးရွာအုပ်စု (တောင်ပေါ်ကျေးရွာ) မှ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၂၅)ကတ်၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် (၉)ကတ်၊ သက်ပြည့်နိုင်ငံသားစိစစ်ရေး ကတ်ပြားလဲလှယ် (၆၆)ကတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံး၊ ပျက်စီး(၁၂)ကတ်၊ စုစုပေါင်း(၁၁၂)ကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်းမိတ္တူ (၂၀)စုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်ဦးတို့မှ ပေးအပ်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)