အိမ်မဲ မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်၏ လူစည်ကားရာ မြို့မဈေးကြီးနှင့် မြို့နယ် မီးသတ်စခန်းရှေ့တို့တွင် ပြုလုပ်ခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးခိုင်ထွန်းဇော်နှင့် ဌာနဆိုင်ရာအကြီးအကဲများက မြန်မာနိုင်ငံတွင် အိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်သူများပြားနေကြောင်း၊ အိမ်မဲမြို့နယ်တွင်လည်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၃၉၃) ဦး ရှိနေပြီး သေဆုံးသူ(၃)ဦးရှိနေ၍ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အရာဝတ္ထု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် ဆေးကြောပေးရန်၊ လက်ကိုဆေးကြောခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ရန်၊ အပြင်ထွက်ရာက ပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ရန်၊ ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု များကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြရန် အသိပညာပေး ပြောကြားခြင်းများ ပြုလုပ်ခဲ့ပြီး အားကစား အဖွဲ့များမှ Myanmar Fitness Dance အကများဖြင့် အသိပညာပေးသရုပ်ပြခဲ့၍ နှာခေါင်းစည်း Mask အခုရေ (၁၅၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်