ဆင်ပေါင်ဝဲ မတ် ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီတို့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၇ နာရီခွဲအချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုးသိန်း ဦးဆောင်သော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းများမှ အမှတ်(၁)ရပ်ကွက်အတွင်းသို့ လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လဝကဦးစီးမှူး ဦးသိန်းလွင် ဦးဆောင်သော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းများမှ အမှတ်(၂)ရပ် ကွက်အတွင်းသို့ လည်းကောင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ ဦးဆောင်သော ဌာနဆိုင်ရာများနှင့် ကျန်းမာရေး ဝန်ထမ်းများမှအမှတ်(၃)ရပ် ကွက်အတွင်းသို့ လည်းကောင်း ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား အိမ်တိုင်ရာရောက် လိုက်လံထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)