ကလိန်အောင် မတ် ၆
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ ရာနှုန်းပြည့်လွမ်းခြုံမှုရှိစေရန် Mobile စနစ်ဖြင့် အသက် (၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူ များနှင့် (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်း ကို ယမန်နေ့ နံနက် ၉ နာရီခန့်တွင် Mobile စနစ်ဖြင့် ကလိန်အောင်မြို့ အဝင်/အထွက် ကလိန်အောင်တံတားထိပ် စစ်ဆေးရေးဂိတ်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက် (၁၈) နှစ်နှင့်အထက် ကာကွယ်ဆေး မထိုးနှံ ရသေးသော ပြည်သူ(၁၁)ဦးနှင့် (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူ (၃၃) ဦးနှင့် နို့တိုက်မိခင်(၁၅)ဦး စုစုပေါင်း (၅၉)ဦးအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ခင်ခင်လဲ့