သင်္ဃန်းကျွန်း မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မရှိစေရန်နှင့် လျော့ကျစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်(Covishield) ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သုဝဏ္ဏ(၂၉)ရပ်ကွက်ရှိ ပုညကာရီ ဓမ္မာရုံတွင်စုစုပေါင်း ပြည်သူ(၆၀)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရာနေရာတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဆေးထိုးလာသူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေး လျက်ရှိပြီး နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၃ နာရီအချိန်အထိနေ့စဉ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စန္ဒာမိုး