ကာလိမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်

ကာလိ  မတ်  

ရှမ်းပြည်နယ်(တောင်ပိုင်း) ကာလိမြို့တွင် အပြင်ထွက်သွားလာပါက မဖြစ်မနေ နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်သွားလာမှု ရှိစေရေးအတွက်  ယနေ့နံနက် ()နာရီအချိန်ခန့် က သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းပြီး မြို့မဈေးရှေ့ ပြည်ထောင်စုလမ်းမကြီး၌  ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင် ကာလိမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ ကာလိနယ်မြေစခန်းမှူး ရဲအုပ်လှဟန်၊ စည်ပင်သာယာရေးဌာနမှ ဦးစီးမှူး ဦးခင်ဇော်ဦးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွပ်အုပ်ချုပ်ရေးမှူးများနှင့် ဌာနေပြည်သူစစ်တပ်မဟာ ()အဖွဲ့များတို့က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့အတွင်း ဝင်ထွက်သွားလာနေကြသည့် ပြည်သူများအား အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask များ စနစ်တကျတပ်ကြရန်၊ လက်ကို HandGel (သို့မဟုတ်) ဆပ်ပြာဖြင့် မကြာခဏဆေးကြောရန်နှင့် လူစုလူဝေးနေရာများ သွားလာခြင်းမှ ရှောင်ကြရန်နှင့် ပြည်သူများအနေဖြင့် အပြင် ထွက်သည်ဖြစ်စေ၊ တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရာ၌ဖြစ်စေ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်စေရေးအတွက် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး  Mask တပ်ထားခြင်းမရှိသူများအား နှာခေါင်းစည်း Mask တစ်ခုစီ အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ဝင်းကျော်(ပြန်/ဆက်)