သိန္နီ မတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ ပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်များနှင့် တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် (၈)နာရီအချိန် က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြိုနယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်၊ မီးသတ်တပ်ဖွဲ့ဝင် အင်အား(၇၀)ဦးခန့်က သိန္နီမြို့ ပြည်သူ့ဆေးရုံဝင်အတွင်းရှိ အရေးပေါ်လူနာဆောင်၊ ဆေးကုသဆောင်များအား သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ဆေးရုံဝင်းအတွင်းရှိ မြက်ပင်များနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ နွေရာသီတွင် မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် သစ်ကိုင်းများအား စည်ပင်သာယာရေးဌာနမှ အမှိုက်ကားများဖြင့် ရှင်းလင်းခြင်း၊ မီးသတ်ပိုက်များဖြင့် ရေဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
သိန္နီမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခြင်းကြောင့် ဆေးရုံတက်ရောက်ကုသလျက်ရှိသော လူနာများအတွက် လေကောင်းလေသန့်ရရှိခြင်း၊ ကျန်းမာရွှင်လန်းခြင်းများရရှိကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)