ဘီးလင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်

ဘီးလင်း ဖေဖော်ဝါရီ ၂

သထုံခရိုင် ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သော (၁/၂၀၂၂) အရန်မီးသတ်တပ်ဖွဲ့ဝင်များ အားလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီ က ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ဘီးလင်းမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်းက အဖွင့်အမှာ စကားပြောကြားပြီး ဘီးလင်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေယံအောင်က သင်တန်းဖွင့်လှစ်ရခြင်းရည် ရွယ်ချက် ကိုရှင်း လင်းပြောကြားခဲ့သည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းသို့ ဘီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှအရန်မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး တက်ရောက်ခဲ့ပြီးသင်တန်းကာလမှာရက်သတ္တပတ် ၄ ပတ်ကြာဖွင့် လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

ထူးနောင် ဘီးလင်း