ညောင်ရွှေမြို့၌ ကတ္တရာထပ်ပိုးလွှာ လမ်းသစ်ဖွင့်လှစ်

ညောင်ရွှေ        ဖေဖော်ဝါရီ     

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် စည်ပင်သာယာယာရေးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးသည့် မြို့လည်ရပ်ကွက် ကျောင်းတော် အနောက်လမ်း ကတ္တရာ ထပ်ပိုးလွှာ လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက အဆိုပါလမ်း မုခ်ဦး၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးတင့်ဝေက လမ်းသစ်ဆောင်ရွက်ခဲ့မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဒေသခံ ပြည်သူ ဦးလှဝေက ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ကတ္တရာထပ်ပိုးလွှာလမ်းသစ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦး၊ မြို့နယ်စည်ပင် သာယာရေးဌာန အမှုဆောင်အရာရှိ ဦးတင့်ဝေနှင့် မြို့လည်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းကိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အဆိုပါ ကတ္တရာထပ်ပိုးလွှာလမ်းသစ်သည် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၁၅၅၀၀၀၀၀ကျပ် ဖြင့် လမ်းအရှည် ၅၇၀ ပေရှိပြီး မူလလမ်းအကျယ် ၁၂ ပေမှ ၁၈ ပေအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်