မံစီမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်း၍ စုပေါင်းထမနဲထိုးပွဲ ကျင်းပ

မံစီ  ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ  ၁ နာရီက (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို  စုပေါင်းထမနဲထိုးပွဲ ကျင်းပခဲ့ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းထမနဲထိုးပွဲကို မံစီမြို့၊ ဂျိန်းဖော့မြေရပ်ကွက်၊ လောကမာန်အောင်စေတီဝင်းအတွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများဦးဆောင်သည့် ရပ်ကွက်နေပြည်သူများက စုပေါင်းကျင်းပခဲ့ကြခြင်းဖြစ်ရာ ထမနဲပွဲထိုးပွဲတွင် တက်ရောက်လာ သူများအားလုံး ပျော်ရွင်စည်းလုံးညီညွတ်စွာဖြင့် စုပေါင်းကျင်းပခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)