ထန်းတပင် ဖေဖော်ဝါရီ ၂
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ သီရိဟေမာရပ်ကွက်၊ သီရိဟေမာ(၄)လမ်း၌ ယနေ့နံနက်(၁၀)ခွဲ အချိန်က ကွန်ကရစ်လမ်း ဖွင့်ပွဲကိုကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းအရှည် ပေ ၈၀၀၊ အကျယ် ၁၆ ပေနှင့် ၆ လက်မထုရှိ ကွန်ကရစ်ခင်းလမ်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်၏ တိုင်းဒေသကြီး ထောက်ပံ့ရန်ပုံငွေကျပ်သန်း(၂၂.၃၁၃)ဖြင့်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအမှုဆောင် အရာရှိထံမှသိရသည်။
ဆက်လက်ပြီးလမ်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှမြင့်၊ အဖွဲ့၀င်(၂) ဦးအောင်သုခ၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးစံသိန်းတို့က လမ်းအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့ အတွက်ရည်ရွယ်ဆောင် ရွက်ပေးခြင်း ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ မှ သိရသည်။
မြို့နယ်(ပြန်/ဆက်)