အမြို့မြို့အနယ်နယ်သတင်းများ

Feb 02,2022
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် မြင်းရွာကြီးကျေးရွာအုပ်စု၊ မြင်းရွာကြီးကျေးရွာနှင့် ရွာခိုင်ကြီးကျေးရွာကြား၊ ခရိုင်ချင်းဆက်လမ်း အမှတ်(၂)လမ်းပေါ်တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းလောင်မြစ်ကူးတံတားဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
Feb 02,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ပြည်သူ့စွမ်းဆောင် ရည်မြှင့်တင်ရေး သံဂဟေဆက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 02,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားရှိ ကုန်သွယ်ရေးဝန်းအတွင်း တွင် တစ်ဖက်ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုကို ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးသော တစ်ဖက်နိုင်ငံ အခွန်ကောက်ခံမှု သက်သာခွင့်ပုံစံ(Form-D)ဖြင့် ဖေဖော်ဝါရီလ(၁) ရက်နေ့မှစတင်ပြီး တင်ပို့ခွင့်ရရှိသည့်အတွက် အဆိုပါ ပြောင်းတင်ပို့မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 02,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
Feb 02,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက် (၉)နာရီခွဲအချိန်က ကော့ကရိတ်မြို့ အမှတ် (၃)ရပ်ကွက်၊ မြို့မအားကစားကွင်းနှင့် မီးသတ်ဦးစီးဌာနရုံးရှေ့တို့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Feb 02,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်တွင် ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခြင်းကိုယနေ့နံနက် ၁၀ နာရီက ရန်အောင်မြင်ဘုရား၊တန်ဆောင်နှင့်စေတီများကိုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 02,2022
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ် ရန်အောင်မြင်ရပ်ကွက်ရှိ ရွှေကျီးနား ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် (၈)နာရီက စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။