အမြို့မြို့အနယ်နယ်သတင်းများ

Feb 02,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဝန်ထမ်းပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်းကျင်းပကြောင်း သိရသည် ။
Feb 02,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club စာပေရေးရာ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင်  မြို့မဈေးရှိ ဈေးသူဈေးသားများ    မီးဘေးအန္တရာယ်မှ ကာကွယ်ရန်နှင့် မီးဘေးအန္တရာယ်ကျရောက်လာပါက မီးငြိမ်းသတ်နိုင်ရန် ရည်ရွယ်ပြီး မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြခြင်းအား ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Feb 02,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ ကန်သာယာလမ်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀:၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 02,2022
လားရှိုးမြို့ လွတ်လပ်ရေးပန်းခြံ၌ ယမန်နေ့ နံနက်(၈)နာရီ အချိန်ကစတင်၍ (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပျော်ပွဲရွှင်ပွဲနှင့် ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 02,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀)နာရီက  ကျင်းပပြုလုပ်ခဲ့သည်။
Feb 02,2022
ကရင်ပြည်နယ်၊ မြဝတီမြို့ New Bloom Learning Centre ကိုယ်ပိုင်ကျောင်းမှ ဆရာ/ ဆရာမှများနှင့်မူကြိုး ကလေးများငယ်များ ပူးပေါင်းဆောင်ရွက်သည့် ဝိဇ္ဇာ၊ သိပ္ပံနှင့် အနုပညာရပ်ဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ပြခန်းများပြသခြင်းကို ယမန်နေ့နေ့ လည်(၁၂) နာရီအချိန် က New Bloom Learning Centre ကိုယ်ပိုင်ကျောင်းတွင် ပြသဆောင်ရွက်သည်။
Feb 02,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ် လည်နေ့အထိမ်းအမှတ် တောင်သာမြို့နယ် အလယ်ချိုင့်ကျေးရွာနှင့် ကျေးရွာချင်းဆက် လမ်းဖွင့်ပွဲကို ယနေ့ နံနက် (၈)နာရီအချိန်က အလယ်ချိုင့်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။