အမြို့မြို့အနယ်နယ်သတင်းများ

Feb 01,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကိုဗစ်-၁၉ကုသရေး အဆောင် ဆောက်လုပ်နေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၃နာရီခွဲက ကြည့်ရှုစစ်ဆေးခဲ့သည်။
Feb 01,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ(၆)လပတ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်သော လိပ်သိုမြို့ပေါ် အမှတ်(၂) ရပ်ကွက်၊ လမ်းသွယ်(၂)ကွန်ကရစ် လမ်းဖွင့်ပွဲအခမ်း အနားအား ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Feb 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ယနေ့ နံနက် ၁၀ နာရီက အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
Feb 01,2022
အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မြန်မာ့တပ်မတော် ထောက်ခံပွဲကို ယနေ့နံနက်(၁၀)နာရီက ကော့သောင်းမြို့ ရွှေပြည်စိုးကျေးရွာ၊ ဂေါက်သီးကစားကွင်းတွင် စုဝေးကာငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 01,2022
ရခိုင်ပြည်နယ် စစ်တွေမြို့၌ မြန်မာ့တပ်မတော်အားထောက်ခံပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်၊ လေယာဉ်ကွင်းလမ်း၊ အသျှင်စန္ဒြမဏိဗိမာန်တော်မှ စတင်ကာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ကြသည်။ 
Feb 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက် ၁၀နာရီအချိန်မှစ၍ ပြည်သူများအတွက် လားရှိုးမြို့ ပရဟိတအသင်းအဖွဲ့များကဦးဆောင်၍ ဆန်များ အခမဲ့ကူညီဖြန့်ဝေပေးခဲ့သည်။
Feb 01,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီမှ ထုတ်ဝေသော "ကလေးအလုပ်သမားပပျောက်ရေး" လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက စည်ပင်သာယာစျေးနှင့် လူစည်ကားသော လမ်းဆုံ၊ လမ်းခွများတွင် လမ်းသွားလမ်းလာပြည်သူများ လက်ဝယ်အရောက် စောင်ရေ(၁၅၀)ဖြန့်ဝေ ပေးခဲ့သည်။