အမြို့မြို့အနယ်နယ်သတင်းများ

Feb 01,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌  ယနေ့ နံနက် ၁၀ နာရီက  စာရေးဆရာ အရှင်ဝရဗုဒ္ဓိ (ဓမ္မခရီးဖော်) ရေးသားသော “စိတ်နှလုံး အေးချမ်းပါစေ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 01,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယမန်နေ့ က အရန်မီးသတ်တပ်ဖွဲ့ဝင်များဖွဲ့စည်ရန်း ညှိနှိုင်းအစည်းဝေး ကျင်းပပြုလုပ်ကြောင်း သိရသည်။
Feb 01,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ ၂၀၂၁-၂၀၂၂ခုနှစ်၊ (၆)လဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ (၁)ရက် နံနက်(၁၁)နာရီခွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
Feb 01,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်း အမှတ် သံဃာတော်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းသည့်အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။
Feb 01,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Woman Club အဖွဲ့တို့ပူးပေါင်း၍ အိမ်တွင်းမှုအတတ်ပညာဖြင့် မိသားစုအပိုဝင်ငွေရရှိရေး ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းကို ယနေ့ မွန်းလွဲ ၁ နာရီက လက်တွေ့သင်တန်းပေးပြသခဲ့ကြောင်း သိရသည်။
Feb 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ယနေ့နံနက်(၈)နာရီ၌ တပ်မတော် ထောက်ခံသူ ပြည်သူ(၁၀၀)ဦးခန့်က အဝေးပြေးကားဝန်းအား စုရပ်ထား၍ နတ်ချောင်းတံတားအထိ ဖျာပုံ-ဘိုကလေး ကာလမ်းမအတိုင်း ချီတက်ကာ တပ်မတော်ထောက်ခံပြုလုပ်ခဲ့သည်။
Feb 01,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ထုတ်ဝေသော ဖန်ခါးမြေ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်က လိုက်လံဝေငှလျက်ရှိသည်။