Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဂွမြို့တွင် မြို့နယ်ဌာနဆိုင်ရာ မိသားစုများနှင့် စေတနာရှင်ပြည်သူများစုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Feb 02,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ နယ်မြေခံတပ်ရင်းမှ တပ်မိသားစုဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် စေတနာရှင် ပြည်သူများမှပူးပေါင်း၍ ယမန်နေ့ နံနက် ၈နာရီခွဲအချိန်တွင် မြို့မရပ်ကွက် သိမ်ကုန်းစေတီတော်ကြီး၌ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
“ ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး” ဆိုင်းဘုတ် စိုက်ထူ
Feb 02,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ဖြန့်ဝေပေးသော “ ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး” ဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့နံနက် (၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြိုနယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 02,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်က ပြည်သူများ လက်၀ယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကျင်းပ
Feb 02,2022
အပြည့်အစုံ ဖတ်ရန်
ချောင်းဦးမြို့ စည်ပင်သာယာစျေးကြီး၌ မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
Feb 02,2022
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနား ကျင်းပ
Feb 02,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ (TSDP) မြို့နယ်များ အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ခရိုင်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား သရက်ခရိုင် (၆) မြို့နယ် အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီက တေဇ အားကစားခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် မြို့နယ်များမှ ပိုက်ကျော်ခြင်း ခတ် အားကစားသမားများ၊ အသင်းအုပ်ချုပ်သူနည်းပြများ စုစုပေါင်းအင်အား (၁၈၀)ခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်တွင် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်
Feb 02,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် ပြည်သူဆေးရုံတွင် ဆေးကုသ မှု ခံယူနေသော လူနာများအား အာဟာရဒါနသွားရောက်လှူဒါန်းခြင်း၊ မလှိုင်ရွှေမုဋ္ဌော ဘုရားပရဝဏ် အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ညနေပိုင်းတွင် အိုမီခရွန်ရောဂါ ကာကွယ်ရေးအတွက် Mask များ ဖြန့်ဝေခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ဖြင့် ကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်းအား ကွင်းဆင်းစစ်ဆေး
Feb 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မင်္ဂလာရေစင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်းအား ယမန်နေ့နေ့လည် (၂)နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း ရွှေဘိုခရိုင်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18424
Page
18425
Page
18426
Page
18427
Current page
18428
Page
18429
Page
18430
Page
18431
Page
18432
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department