Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပိုင်ကျုံမြို့ ကော့ဖမွတ်-ကော့ကစွယ် ကျေးရွာချင်းဆက်လမ်းအား ဂဝံမြေခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jan 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ကော့ဖမွတ်-ကော့ကစွယ် ကျေးရွာချင်းဆက်လမ်းအား ဂဝံမြေခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် စာဖတ်ဝိုင်းကျင်းပ
Jan 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေကိုချစ်မြတ်နိုးပြီး စာအုပ်၊ စာစောင်များအား ဖတ်ရှုလေ့လာခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ဗဟုသုတအတွေးအမြင်များ အပြန်အလှန် ရရှိစေရန်၊ ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်တတ်သော အတွေးအခေါ်များ ရရှိလာစေရန်နှင့် စာအုပ်စာပေ ချစ်မြတ်နိုးစိတ်များ ဖြစ်ပေါ်လာစေပြီး စာဖတ်ရှိန် မြင့်မားလာစေရန်အတွက် ရည်ရွယ်၍ Book Club အဖွဲ့နှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်း (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံတွဲခရိုင် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် ပြည်သူ့စာကြည့်တိုက် ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်
Jan 17,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပုံနှိပ်ကျွမ်းကျင်-၅(အင်အားပြ) ဒေါ်ဖြိုးဝေသူသည် ယနေ့ နံနက်ပိုင်းက စာရေးဆရာလင်းရောင်စင် ရေးသားသော ငါ့အတွက်ငါရှိတယ် စာအုပ်ဖြင့် လူငယ်လူရွယ် စာပေဝါသနာရှင်များအတွက် အသိပညာပေး စာအုပ်မိတ်ဆက်အစီအစဉ်ကို ရိုက်ကူးကာ Online မှတစ်ဆင့် ထုတ်လွှင့်ပြသ ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးဆောင်ရွက်ပေး
Jan 17,2022
မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးရဲမင်းထွန်းနှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ် ရပ်ကွက်ရှိ နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)နှင့်အိမ်ထောင်စု လူဦးရေစာရင်းမရှိသေးသူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ ကိုယ်ခံအား မြှင့်တင်ရေးလှုပ်ရှားမှုသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအ…
Jan 17,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသားကျောင်းသူများအတွက် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ ကိုယ်ခံအားမြှင့်တင်ရေးလှုပ်ရှားမှု သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) တက်ရောက်ကြမည့် ဆရာ၊ ဆရာမများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် (ဒုတိယအကြိမ်)ထိုးနှံ…
Jan 17,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) တက်ရောက်နေသည့် ဆရာ၊ ဆရာမများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမသုတ် (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်ရှိ ပညာ တန်ဆောင်ခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး မြစ်သားစိုက်ပျိုးရေး သုတေသနခြံသို့ လာရောက်ကြည့်ရှုစစ်ဆေး
Jan 17,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနခြံသို့ ယမန်နေ့နံနက်ပိုင်းက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းသာ၌ စာရေးဆရာ မောင်မောင်ညွန့်လှိုင် ရေးသားသည့် “ကျွန်မစာတတ်ချင်သည်”နှင့် အခြားဝတ္ထုတိုများ စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်
Jan 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Center)ခန်းမ၌ ယနေ့နံနက် (၁၁)နာရီက စာပေချစ်မြတ်နိုးသူ (Women Club) အသင်းအဖွဲ့ဝင်များစုပေါင်း၍ စာရေးဆရာ မောင်မောင်ညွန့်လှိုင် ရေးသားသည့် “ကျွန်မစာတတ်ချင်သည်”နှင့် အခြားဝတ္ထုတိုများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18305
Page
18306
Page
18307
Page
18308
Current page
18309
Page
18310
Page
18311
Page
18312
Page
18313
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department