သံတွဲ ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပုံနှိပ်ကျွမ်းကျင်-၅(အင်အားပြ) ဒေါ်ဖြိုးဝေသူသည် ယနေ့ နံနက်ပိုင်းက စာရေးဆရာလင်းရောင်စင် ရေးသားသော ငါ့အတွက်ငါရှိတယ် စာအုပ်ဖြင့် လူငယ်လူရွယ် စာပေဝါသနာရှင်များအတွက် အသိပညာပေး စာအုပ်မိတ်ဆက်အစီအစဉ်ကို ရိုက်ကူးကာ Online မှတစ်ဆင့် ထုတ်လွှင့်ပြသ ပေးခဲ့သည်။
အဆိုပါလုပ်ငန်းများ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်သူ စာဖတ်ပရိတ်သတ် ပြည်သူများ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတများ ရရှိစေရန် စိတ်ပန်းပြေ ပျော်ရွှင်စေရန် ရည်ရွယ်၍ သုတ၊ရသ စာအုပ်စာစောင်များ မိတ်ဆက်ခြင်း၊ ကလေးငယ်များအတွက် Online မှတစ်ဆင့်ပုံပြင်ပြောခြင်း၊ စက္ကူခေါက်ခြင်း၊ ဆေးရောင်ခြယ်ခြင်း အစီအစဉ်များကို သံတွဲခရိုင်ပြည်သူ့ စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စည်ထုတ်လွှင့် ပေးလျက်ရှိသည်။
ခရိုင်(ပြန်/ဆက်)