ချမ်းမြသာစည် ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးရဲမင်းထွန်းနှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ် ရပ်ကွက်ရှိ နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)နှင့်အိမ်ထောင်စု လူဦးရေစာရင်းမရှိသေးသူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးဌာနအနေဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား မလုပ်ရသေးသူများ မကျန်ရှိစေရန် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရမည့်လုပ်ငန်းများကို သတ်မှတ်ကာလတွင် ရာနှုန်းပြည့်အချိန်မီ ပြီးစီးရေး အလေးထားဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ကွင်းဆင်းဆောင်ရွက်မှုတွင် အသက် (၁၈)နှစ်ပြည့်(၂၂ )ဦး၊ (၁၀)နှစ်ပြည့် (၁၁)ဦး စုစုပေါင်း(၃၃)ဦးအားနိုင်ငံ သားစိစစ်ရေးကတ်ပြား ပေးအပ်ခဲ့ပြီး အသက်(၁၈)နှစ်ပြည့်(၁၁)ဦးတို့အား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)