ငါန်းဇွန် ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသားကျောင်းသူများအတွက် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ ကိုယ်ခံအားမြှင့်တင်ရေးလှုပ်ရှားမှု သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးလှိုင်မိုးဟိန်းက ကျောင်းသားကျောင်းသူများသည် ကိုယ်ခံစွမ်းအားမြှင့်တင်ရေးလှုပ်ရှားမှုအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာရေးအတွက် အထောက် အကူဖြစ်စေပြီး ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ကျောင်းသားကျောင်းသူများအား အသိပညာပေးဆွေးနွေး ဟောပြောပြီး ကိုယ်ခံအားမြှင့်တင်ရေး လှုပ်ရှားမှုအနေဖြင့် ကိုယ်လက်လှုပ်ရှားအားကစားအဖြစ် ကျောင်းသား ကျောင်းသူများကိုယ်တိုင် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်နိုင်ရေးအတွက် Fitness dance သရုပ်ပြခဲ့သည်။ ထို့နောက် မြို့နယ်အားကစားမှူးက ကျောင်းတွင်းအားကစားများ ဆောင်ရွက်နိုင်ရေးအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စွဲ့ခမ်းရင်က လက်ခံရယူခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)