ကျောက်ဖြူမြို့တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) တက်ရောက်ကြမည့် ဆရာ၊ ဆရာမများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် (ဒုတိယအကြိမ်)ထိုးနှံ

ကျောက်ဖြူ ဇန်နဝါရီ ၁၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) တက်ရောက်နေသည့် ဆရာ၊ ဆရာမများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမသုတ် (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့ နံနက် နာရီက ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်ရှိ ပညာ တန်ဆောင်ခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန် ထမ်းများက စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ တာဝန်ကျ ဆရာ/ ဆရာမများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်နှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေးများကို ထိုးနှံပေး လျက်ရှိသည်။

ကျောက်ဖြူမြို့နယ်၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT)သင် တန်းအား ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင် ပြသပေးလျက်ရှိကာ ဆရာ၊ဆရာမ (၄၂၇) ဦးမှ တက်ရောက် သင်ယူလျက်ရှိသည်။

ထို့အပြင် ၎င်းတို့အနက်မှ ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်မျှမထိုးရသေးသည့် ဆရာ /ဆရာမ ၈၁ ဦးတို့အား ဒီဇင်ဘာလ ၁၃ ရက်နေ့က ပဉ္စမအသုတ်(ပထမအကြိမ်) ထိုးနှံပေးခဲ့ပြီးဖြစ်ကာ ယနေ့တွင် အဆိုပါ ပထမအကြိမ် ထိုးနှံခဲ့သည့် ဆရာ၊ ဆရာမများကို ဒုတိယအသုတ်အဖြစ် ပြန်လည်ထိုးနှံ ပေးလျက်ရှိကြောင်း ကျောက်ဖြူ ပညာရေး ဒီဂရီကောလိပ်မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)