အမြို့မြို့အနယ်နယ်သတင်းများ

May 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်း‌ ကျောင်း၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် (၆) နာရီက စတင်၍ ထုတ်ပြန်ထားရှိကြောင်း သိရသည်။
May 16,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် ရေတွင်းရေကန်များအား အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက ယနေ့နံနက်ပိုင်းက လွယ်လွမ့် ပရဟိတကျောင်းနှင့် အမှတ်(၉)ရပ်ကွက်တို့တွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင်၂၀၂၅-၂၀၂၆ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးများ ရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီ အချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ တွေ့ဆုံဆွေးနွေးခဲ့‌ကြသည်။
May 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့်အဘိတ် (Abate) ဆေးခတ်ခြင်းကို မြန်အောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဦးဆောင်မှုဖြင့် ယနေ့နံနက်က မြန်အောင်မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။
May 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြည်သူဆေးရုံတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
May 16,2025
ကချင်ပြည်နယ်မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီက ဟဲလုံခေတ်မီစံပြကျေးရွာရှိ သီရိရတနာခန်း၌ ဖွင့်လှစ်သည်။
May 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် စပါးရေတော်မိုးတော်ဧရိယာ၌ သစ်စိမ်းမြေသြဇာထည့်သွင်းနိုင်ရေးအတွက် မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ခြင်းကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က မရမ်းကွင်းကျေးရွာအုပ်စု၊ မရမ်းကွင်းကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။