အမြို့မြို့အနယ်နယ်သတင်းများ

Jan 01,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 01,2026
မွန်ပြည်နယ် သမာဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးသင်တန်းကျောင်း (မော်လမြိုင်)၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့က ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအဖွဲ့လိုက် ထုပ်ဆီးထိုးပြိုင်ပွဲ(ကျား/မ)၊ ဇွန်းကိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ တာတိုအပြေးပြိုင်ပွဲများ ကျင်းပပြီး
Jan 01,2026
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ဇန်နဝါရီ ၁ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
Jan 01,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၉း၃၀) နာရီအချိန်က စလင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Jan 01,2026
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ရောက်ရှိမည့် (၇၈)နှစ်မြောက် လွတ်လပ်‌ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေါပုံမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်‌ရေးအသင်းက ကြီးမှူး၍ သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲကို ယမန်နေ့နံနက် (၇)နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Jan 01,2026
၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို‌ဂုဏ်ပြုသောအားဖြင့် ကော့သောင်း ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူး‌ကျင်းပသော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲကို ကော့သောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမတွင် ကျင်းပသည်။
Jan 01,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ အခမ်းအနားကို ယနေ့(၁၁)နာရီက အောင်လံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 01,2026
ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လေ့လာလည်ပတ်နိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ မောမြေဦးပန်းခြံ၌ ပထမအကြိမ် ပန်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁ ရက်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့်ဧည့်သည်‌တော်များ၊ မြို့မိ၊ မြို့ဖနှင့်‌ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။