မော်လမြိုင် ဇန်နဝါရီ ၁
မွန်ပြည်နယ် သမာဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးသင်တန်းကျောင်း (မော်လမြိုင်)၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့က ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအဖွဲ့လိုက် ထုပ်ဆီးထိုးပြိုင်ပွဲ(ကျား/မ)၊ ဇွန်းကိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ တာတိုအပြေးပြိုင်ပွဲများ ကျင်းပပြီး ဆုရရှိသူများအား ကျောင်းအုပ်ဆရာမကြီးက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)