Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်
May 16,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းကစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ထုတ်ပြန်ကြေညာထားရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်၌ ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းပုဒ်စိုက်ထူခြင်း ဆောင်ရွက်
May 16,2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းပုဒ်စိုက်ထူခြင်းကို မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက ပုလောမြို့နယ် ပညာရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် လပွတ္တာမြို့နယ်ရှိ…
May 16,2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက် ၉ နာရီအချိန်က ရေဆိုင်ကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာ၊ လပွတ္တာ-မြောင်းမြကားလမ်း၊ (၁၉)မိုင်အနီးရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျွဲမွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်းမျိုးပွားခြံသို့ရောက်ရှိရာ ကျွဲအထီ(၂၆)ကောင်၊ အစ်မ(၄၃)ကောင် စုစုပေါင်ကျွဲကောင်ရေ(၆၉)ကောင် မွေးမြူထားရှိမှုနှင့် စီမံဆောင်ရွက်ထားရှိမှုတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ နိုင်ငံတော်ကောင်စီအဖွဲ့ဝင်က လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
May 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းတွင်းစာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက်(၆)နာရီကစတင်၍ စဉ့်ကိုင်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် အောင်စာရင်းများ ထုတ်ပြန်ကြေညာထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ရေရရှိရေးနည်းလမ်းဖြင့် နွေစပါး(၄၉၃၂)ဧက စိုက်ပျိုး
May 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် နွေသီးနှံများစိုက်ပျိုးရာ၌ ရေရရှိရေးနည်းလမ်းဖြင့် နွေစပါး(၄၉၃၂)ဧက စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ
May 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁၀)ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ အမှတ်(၁) အခြေခံပညာကျောင်းတွင်ကျင်းပသည်။ အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာ၊ဆရာမကြီးများနှင့် မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြိုင်ပွဲများပြုလုပ်
May 16,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်(၉)နာရီအချိန်က ပြိုင်ပွဲများပြုလုပ် ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းအပ်နှံရေး၊ ၂၀၂၅ ခုနှစ် ဓမ္မာစရိယ နှင့် ပါဠိပထမ…
May 16,2025
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ခုနှစ်ဇွန်လအတွင်း ပြန်လည်ကျင်းပစစ်ဆေးသွားမည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ ကျောင်းအပ်နှံရေး၊ မန္တလေးငလျင်ကြီးကြောင့်ရပ်ဆိုင်းခဲ့သော ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ အောင်မြင်စွာ ပြန်လည်ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မေလ(၁၅)ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးမှူး ရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1810
Page
1811
Page
1812
Page
1813
Current page
1814
Page
1815
Page
1816
Page
1817
Page
1818
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department