လဲချားမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ မွမ်းမံသင်တန်းဖွင့်လှစ်

လဲချား ဇန်နဝါရီ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လွိုင်လင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမိုးညွှန့်ထွန်းမှ မဲရုံလုံခြုံရေးနှင့်ပတ်သက်၍ လည်းကောင်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးလက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းနိုင်မှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက် အပိုင်း(၂)တွင် ကျင်းပမည့် ရွေးကောက်ပွဲကျင်းပဆောင်ရွက်မည့်လုပ်ငန်းမျာနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့မှုအပေါ်  ရပ်မိရပ်ဖဖြစ်သူဦးစိုင်းထွန်းဦးမှ ရှမ်းဘာဖြင့် ပြန်လည်ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍  မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ ‌ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ မဲရုံအဖွဲ့ဝင်များမှ ဆောင်ရွက်ရမည့်တာဝန်နှင့် လုပ်ပိုင်ခွင့်အခြေအနေများ၊ မဲစာရင်းစစ်ဆေးသူနှင့် ထိန်းချုပ်စက်ကိုင်တွယ်သူများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာလုပ်ငန်းများ၊(MEVM)စက်များ သယ်ဆောင်ခြင်းနှင့် ကိုင်တွယ်အသုံးပြုရမည့်နည်းလမ်းများ၊ မဲရုံအတွင်းအသုံးပြုရမည့် လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေပါပုံစံများအား လက်တွေ့ဆောင်ရွက်ပို့ချနေမှုအပေါ် ကြည့်ရှုအားပေးခဲ့ပြီး သိရှိလိုသည်များ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးဖြေကြာကာ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)