အမြို့မြို့အနယ်နယ်သတင်းများ

May 15,2025
၂၀၂၄-၂၀၂၅ပညာသင်နှစ် အခြေခံပညာအဆင့်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၇ နာရီအချိန်က နတ်မောက်မြို့နယ်ရှိ သက်ဆိုင်ရာကျောင်းများအလိုက် ကြော်ငြာသင်ပုန်းများ၌ ကပ်ထားပေးရာ ကျောင်းသား/ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုကြသည်။
May 15,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌  ယနေ့နံနက် ၉ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။ 
May 15,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဈေးသာကျေးရွာတွင် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကာလ အချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရန်နှင့် ဗုဒ္ဓဘာသာကိုရိုသေကိုင်းရှိုင်းစေရန် ယဉ်ကျေးလိမ္မာသင်တန်းကို နံနက် ၈ နာရီမှ ၁၀ နာရီအထိ နေ့စဉ်မပျက် ရွာဦးဘုန်းတော်ကြီးကျောင်းတွင် သင်ကြားပေးလျက်ရှိသည်။
May 15,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်း‌နေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြရန်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ယနေ့နံနက်ပိုင်းက မြိတ်မြို့ရှိ ကျောင်းများတွင် “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”  ကျောင်းအပ်နှံရေး သီတင်း ပတ် မြေစိုက်ပိုစတာကို စိုက်ထူခဲ့ကြကြောင်း သိရသည်။
May 15,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နွေရာသီကျောင်းပိတ်ရက်များတွင်လူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
May 15,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် “ ကျောင်းနေ အရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”  ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို ငဖဲမြို့ ကျောင်းတွင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရှေ့တွင် ယနေ့နံနက် ၈နာရီအချိန်က ပြုလုပ်ဆောင်ရွက်သည်။
May 15,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ၂၀၂၅ ခုနှစ် မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် အပူဒဏ်ကာကွယ်နိုင်ရန်အတွက် ယခုမေလ ပထမပတ်မှ စတင်ကာ တစ်အုပ်တစ်မစိုက်ခင်း(အထူးစိမ်း) အရိပ်ရပင် ၂၀၀၀ ကို စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 15,2025
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ကျေးရွာများနှင့် မြို့အနီးအနားဝန်းကျင်တွင် မြေအောက်ရေစနစ်ဖြင့် တစ်ပိုင်တစ်နိုင်နွေစံပယ်များကို စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။