စလင်းမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

စလင်း ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၉း၃၀) နာရီအချိန်က စလင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား  လက်ကမ်းစာစောင်တွင်  လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကျဉ်း၊ ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၄)ရပ်၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက် (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင်  ပြောကြားသည့်မိန့်ခွန်း မှ  ကောက်နုတ်ချက်)၊ လွတ်လပ်ရေး၏အဓိပ္ပာယ်၊ ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်သူ့အစည်းအဝေးတွင်  ပြောကြားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ လွတ်လပ်ရေးဆိုသည်မှာ (ကဗျာ)၊ လွတ်လပ်ရေးနေ့ဆိုင်ရာ ဓါတ်ပုံနှင့် ဆောင်ပုဒ်များ ပါဝင်သည်။

အဆိုပါ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စလင်းမြို့ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများ စုံညီပွဲတော်အတွက် အကသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)