ကော့သောင်းမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ကျင်းပ

ကော့သောင်း ဇန်နဝါရီ ၁

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ()ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို‌ဂုဏ်ပြုသောအားဖြင့် ကော့သောင်း ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူး‌ကျင်းပသော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲကို ကော့သောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမတွင် ကျင်းပသည်။

အဆိုပါ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက လွတ်လပ်ခေတ်မီ ပြည်သစ်ဆီသို့ ငြိမ်းချမ်းခြင်းဖြင့် ခရီးဆက်စို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက သွေးစည်းချစ်ကြည် လက်ချင်းဆက် လွတ်လပ်ရေးသည်တို့အသက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက လွတ်လပ်ရေးနေ့ တို့မမေ့ ခေါင်းစဉ်တို့ဖြင့် ကော့သောင်းမြို့နယ် အခြေခံပညာကျောင်းများမှ မူ/လယ်/ထက်အဆင့် ကျောင်းသား၊ ကျောင်းသူ (၉၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ကျောင်းသား၊ ကျောင်းသူ‌များ စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်လင်းထက်၊ ခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် ဆရာ၊ ဆရာမများ၊ ကော့သောင်းခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)