အမြို့မြို့အနယ်နယ်သတင်းများ

May 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့နယ်ပညာရေးမှူးရုံးမှ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက်(၈)နာရီအချိန်က အထက်ပိုင်းရပ်ကွက် မြို့မလူငယ်လေ့ကျင့်ရေးဘောလုံးကွင်း(သဲကွင်း)ရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 15,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၊ ၆၂လမ်း၊ ၁၀၄×၁၀၅ လမ်းကြားရှိ ကုတင် (၅၀၀) ဆံ့ အရိုးရောဂါအထူးကုဆေးရုံကြီးတွင် ယနေ့ နံနက် ၇:၄၅ နာရီ အချိန်က ငလျင်ကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 15,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး Zoom Meeting ကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗလမင်းထင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက အမှတ်(၁၅)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 15,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုကောင်းမွန်မျှတစေရန်အတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရန် ပျိုးပင်မျိုးစုံ ၂၀၀၀၀ ပျိုးထောင်ထားရှိကြောင်း သိရသည်။
May 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အမှတ်(၁)၊အခြေခံပညာအထက်တန်း ကျောင်းရှေ့တို့တွင် ယနေ့နံနက်(၈)နာရီအချိန်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဟူသော ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်များအား စိုက်ထူခဲ့ကြကြောင်း သိရသည်။
May 15,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအဆင့်(ကျောင်းတွင်းစစ်)စာမေးပွဲဖြေဆိုထားသည့် KG မှ Grade-11 ထိကျောင်းသား၊‌ ကျောင်းသူများ၏ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
May 15,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူရရှိရေးအတွက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများမှ အတန်းလိုက်အောင်စာရင်းများကို ယနေ့ နံနက်(၆)နာရီမှစ၍ သက်ဆိုင်ရာကျောင်းများရှိ ကြော်ညာသင်ပုန်းများတွင် ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။