ပေါင်းတည်၌ ဆောင်းသီနှံများ အောင်မြင်ဖြစ်ထွန်း

ပေါင်းတည် ဇန်နဝါရီ ၂

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ဆောင်းသီးနှံမျိုးစုံစိုက်ပျိုးခဲ့ရာ စိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ယခုနှစ် ဆောင်းသီးနှံတွင် တောင်သူများသည် မတ်ပဲအပါအဝင် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ နှမ်းကိုအဓိက အားထားစိုက်ပျိုးခဲ့ကြပြီးနိုင်ငံတော်မှလည်း ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ရေးကို အားပေးလျက် စိုက်ပျိုးရေးစရိတ်များနှင့် စိုက်နည်းစနစ်များ ဖြည့်ဆည်းကူညီခဲ့ကြသဖြင့် တောင်သူများအနေဖြင့် အကျိုးဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ခဲ့ကြကြောင်း ပဲစိုက်တောင်သူများထံမှ သိရှိရသည်။

ယနေ့အထိ နိုင်ငံတကာ ပဲဈေးကွက်မှ ပဲမျိုးစုံ ဝယ်လိုအား လျော့ကျသွားခြင်းမရှိပဲ ဝယ်လိုအားနှင့်ဈေးနှုန်းများ ကောင်းမွန်နေမှုကြောင့် မြန်မာတောင်သူများအနေဖြင့် အခွင့်အရေးကောင်းများ ရရှိလျက်ရှိသည်။

ထိုအခြေအနေတွင် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်ရာ၌ နိုင်ငံတကာနှင့် ရင်ဘောင်တန်း၍ သိက္ခာရှိစွာ ထိုးဖောက် တင်ပို့ရောင်းချနိုင်ရန်  စံချိန် စံညွှန်းမီ သီးနှံများ စိုက်ပျိုးထုတ်လုပ်ရရှိနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့က ဓာတုဓာတ်ကြွင်းကင်းစင်သော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို  အထူးအလေးထားကာ တောင်သူများ၏ အကျိုးစီးပွားနှင့်နိုင်ငံ့စီးပွား မြှင့်တင်နိုင်ရေးတို့အတွက် အသိပညာပေးလုပ်ငန်းများကို  တောင်သူများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ရွှေသား(IPRD)