အမြို့မြို့အနယ်နယ်သတင်းများ

May 15,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း မန္တလေးငလျင်ဘေးကြောင့် လူနေအိမ်ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုဝင်များအား ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်၊ ပြည်လမ်းတွင် ရုံးခန်းဖွင့်လှစ်ထားရှိသည့် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် HELVETAS Myanmar ကုမ္ပဏီမှ ယမန်နေ့မွန်းလွဲပိုင်းက လာရောက် ထောက်ပံ့ခဲ့သည်။
May 15,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းဆန်စပါးဖူလုံ ပိုလျှံရေးနှင့် တောင်သူပညာပေးအဖြစ် စံပြကွက်နွေးစပါး(၁၀၀)ဧက စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
May 15,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးရက်သတင်းပတ် ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ညောင်ဦး-ကျောက်ပန်းတောင်းကား လမ်းမကြီးဘေးတွင် စိုက်ထူပွဲကျင်းပခဲ့ကြောင်း သိရသည်။
May 15,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ၇၃လမ်း၊ ၃၀လမ်းထောင့်ရှိ မင်္ဂလာစျေးဟောင်းနေရာ၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် ငလျင်ဘေးသင့်ပြည်သူများ၏ ပျက်စီးသွားသော အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရာတွင် အသုံးပြုရန် ဘိလပ်​မြေအိတ်များနှင့်သံလုံးများကို သက်သာသောနှုန်းထားများဖြင့်  မေလ ၁၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ရောင်းချပေးခဲ့သည်။
May 15,2025
မတ်လ ၂၈ ရက်နေ့တွင် လှုတ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် တောင်ကြီးမြို့နယ်နှင့် အေးသာယာမြို့အတွင်း နေအိမ်ပျက်စီးသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနာကို မေလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီက တောင်ကြီးမြို့၊ ခရိုင်/မြို့နယ် စုပေါင်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
May 15,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောသစ်ပင်စိုက်ပျိုးရေးနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
May 15,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်) စာမေးပွဲဖြေဆိုထားသည့် KG မှ Grade-11 ထိ ကျောင်းသားများ၏ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရသည်။
May 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မေ ၁၃ ရက်နေ့က ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။