ညောင်လေးပင် ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့၌ ၂၀၂၆ ခုနှစ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား (U-18) မြို့နယ်ပေါင်းစုံကျောင်းသားဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ပြည်သူ့အားကစားကွင်းနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်လေးပင်မြို့နယ်တွင် အသက် (၁၈)နှစ်အထက်ကျောင်းသားဘောလုံးအသင်း (၅) သင်းတို့က ဇန်နဝါရီ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ပတ်လည်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ယနေ့မနက်ပိုင်းတွင် အ.ထ.က(၁)ကျောက်တံခါးနှင့် အ.ထ.က(၁) ရွှေကျင်တို့ ဘောလုံးယှဉ်ပြိုင်ကစားကြရာတွင် အ.ထ.က (၁)ရွှေကျင်မှအနိုင်ရရှိသွားပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အ.ထ.က (၁)ကျောက်တံခါးမှ အနိုင်ရရှိသွားခဲ့ရာ အဆိုပါဘောလုံးနှင့် ပိုက်ကျော်ခြင်းတို့ယှဥ်ပြိုင်ကစားနေမှုအား မြို့နယ်ပညာရေးမှူး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူးနှင့်တကွ တာဝန်ရှိသူများက လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)