နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့၌ ကျင်းပသည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား တက်ရောက်

 

ပျဉ်းမနား ဇန်နဝါရီ ၂

နေပြည်တော်လူမှုဝန်ထမ်းရုံးနှင့် အလှူရှင်များစုပေါင်း၍ (၃၃) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားဘိုးဘွားရိပ်သာ၌ ကျင်းပသည်။

ဦးစွာ  နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ လှုမှုရေးအသင်းအဖွဲ့များ၊ ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများနှင့် အလှူရှင်များက စုပေါင်း၍ ပျဉ်းမနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်(၉၀)ပါးနှင့် သီလရှင်(၃၀)ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းမျိုးစုံတို့ကို လောင်းလှူခဲ့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား အသုံးအဆောင်ပစ္စည်းများ လက်ဝယ်အရောက်လှူဒါန်းခဲ့ပြီး နေပြည်တော်ကောင်စီဝင်က ဘိုးဘွားရိပ်သာအတွင်း လှည်လည်ကြည့်ရှုစစ်ဆေးက တာတန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)