အမြို့မြို့အနယ်နယ်သတင်းများ

Oct 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ယနေ့ နံနက်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၅)ကိုဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အခြေခံမီးသတ်ပညာရပ်များနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို တစ်လကြာ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Oct 13,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီး၌ မဲပေးပိုင်ခွင့်ရှိသူမဲစာရင်းများကို ပထမအကြိမ်အဖြစ် ရပ်ကွက် ကျေးရွာအုပ်စုများအလိုက် ကပ်ထားကြေညာလျက်ရှိရာ မဲဆန္ဒရှင်မဲပေးပိုင်ခွင့်ရှိသူများမှ မိမိတို့၏အမည်ပါမပါ မဲစာရင်းများကို လာရောက်ကြည့်ရှု့လျက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက မဲစာရင်းတိကျမှန်ကန်ရေးအတွက် ကြိုးစားပြင်ဆင်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၁၃ ရက်နေ့အထိ မဲစာရင်းမှန်ကန်စေရန် ဒေသခံပြည်သူ ၄၉၅၉ ဦးအားပြင်ဆင် ဆောင်ရွက်ပေးထားပြီးဖြစ်ကြာင်း သိရသည်။
Oct 13,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ ကျောင်းသား ကျောင်းသူများ ပညာရည်မြင့်မားလာစေ​ရေးနှင့် စဉ်ဆက်မပြတ်လေ့လာသင်ယူစေ​ရေးအတွက် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနမှမြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာ ရပ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းကအ-ထ-က(၁) ကျောင်း၌ ကျင်းပပြုလုပ်သည်။
Oct 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့၀င်များ လေ့ကျင့်‌ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီ၌ အမှတ်(၇)ရပ်ကွက် မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။
Oct 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ စံချိန်မီရပ်ကွက်၊ စိမ့်စမ်းလမ်း၊ အမှတ်(၇၇)၊ ဒေါ်သူဇာမိုးဦး (JUNKO) (ဂျပန်စကားပြောသင်တန်းကျောင်း) အား မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) (FSC) ကနဦးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၁နာရီက ဆောင်ရွက်ပေးခဲ့သည်။
Oct 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အမျိုးသမီးငယ်လေးများ သားအိမ်ခေါင်းကင်ဆာရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)နှင့် KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့မေးခိုင်ကာကွယ်ဆေး(DT)ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးခဲ့ကြသည်။ 
Oct 13,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှု လက်မှတ်ရသင်တန်း အမှတ်စဉ်(၄) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်နေ့နံနက် ၉ နာရီအချိန်က စက်မှုလယ်ယာဗဟိုသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Oct 13,2025
သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏မဲစာရင်းများကို ပထမအကြိမ် ရပ်ကွက်များအလိုက် ကပ်ထားကြေညာထားရာ နေ့စဉ်နံနက် ၇ နာရီမှ ည ၉ နာရီအချိန်အထိ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။