အမြို့မြို့အနယ်နယ်သတင်းများ

May 17,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်အရ ကျွဲ၊ နွားကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မေ ၁၆ ရက်နေ့ နံနက်ပိုင်းက ဆိတ်ကြီးကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
May 17,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အမှတ်(၁) အခြေခံ‎ပညာအထက်တန်းကျောင်း "မြတ်ရတနာ" ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲက ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၆ ခုနှစ်အထိ လူရည်ချွန်ဆု ရရှိခဲ့သော  လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား ကျင်းပသည်။
May 17,2026
‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊​ လောင်းလုံး​​မြို့နယ်အတွင်း ‎မိုးကြိုးကာလ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ ရေကြီး၊ ရေလျှံခြင်းများ ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအား အထူးသတိပြုနေထိုင်ရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်‎ဆိုင်ရာ ကြိုတင်ကာကွယ်ရေး ‎အသိပညာပေး နှိုးဆော်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာနှင့်ကဘူကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 17,2026
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ ရက်ကွက်များအတွင်းရှိ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ယနေ့နံနက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
May 17,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ စာပေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဒေသဆိုင်ရာစာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်နိုင်ရေးတို့အတွက် မြို့နယ်စာရေး ဆရာအသင်းဖွဲ့စည်းတည်ထောင်ခြင်း (၂၇) နှစ်ပြည့် အထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ခရိုင်/မြို့နယ် စုပေါင်းရုံး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
May 17,2026
ကရင်ပြည်နယ်၊ အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကော့ကရိတ်မြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်ထမ်းများ၏ မိသားစုဝင်များအား မေ ၁၅ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
May 17,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်း ဒေသခံပြည်သူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများ ရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်မဲမြို့နယ် ဦးစီးမှူးရုံး၌ ရက်(၁၀၀) လမင်းစီမံချက်အရ ယနေ့နံနက် ၉ နာရီက စတင်၍ မိုင်းတင်းကျေးရွာအုပ်စုမှ ပြည်သူများကို ဖိတ်ခေါ်ကာ မြို့နယ်ဦးစီးအရာရှိ ဦးမင်းသူနှင့် ဝန်ထမ်းများက အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် Biometric UID ဇီဝအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို နေ့ချင်းပြီး ဝန်ဆောင်မှုအဖြစ် ဦးစားပေး ဆောင်ရွက်ပေးခဲ့သည်။
May 17,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများ ၂၀၂၆−၂၀၂၇ ပညာသင်နှစ်တွင် လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းဇော်၊ မြို့နယ်အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်များနှင့် မြို့မအမှတ်(၁၊၂၊၃၊၆)ရပ်ကွက်အသီးသီးမှ မြို့မိမြို့ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံဆွေးနွေးသည်။