Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပိုင်ကျုံမြို့တွင် ခြင်ပေါက်ဖွားမှုနှုန်း လျှော့နည်းစေရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 16,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အမှတ်(၂) ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များတွင် ခြင်ပေါက်ဖွားမှုနှုန်း လျှော့နည်းစေရေးအတွက် ယနေ့နံနက် ၉း၃၀ နာရီ အချိန်က ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာများ စိုက်ထူ
May 16,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာများစိုက်ထူခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများမှ အတန်းလိုက်အောင်စာရင်းများ ထုတ်ပြန်ကြေညာ
May 16,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ KG မှ Grade-11 အထိ အတန်းလိုက်အောင်စာရင်းများအား မေလ ၁၅ ရက်နေ့ နံနက်ပိုင်းမှစတင်၍ အခြေခံပညာကျောင်းများ၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့၌ ဆင်းသုခနွေစပါးစံကွက်ရိတ်သိမ်းပွဲ တာဝန်ရှိသူများကြည့်ရှုအားပေး
May 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ကြီးကုန်း(ပျဉ်း)အုပ်စု၊ နန်းဇလူကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မာန်အွေ၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးအောင်ဖြိုးသော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက တောင်သူဦးလူဝင်း၏ နွေလယ်ဆင်းသုခစပါးစိုင်ခင်းကို စံကွက်ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း အစိုတင်း ၁၃၀ ထွက်ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ်၌ ကျောင်းအပ်နှံရေးနေ့ရေးသီတင်းပတ်မြေစိုက်ပိုစတာစိုက်ထူ
May 16,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်ပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၆)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဖူဆယ်အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် အိမ်ရာအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှု
May 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္နဝန် အရာထမ်းဝန်ထမ်းအိမ်ရာအတွင်းရှိ “နန္နဝန်အားမာန်” ဖူဆယ်အားကစား ဘောလုံးကွင်းဖွင့်ပွဲ အထိန်းအမှတ် ဝန်ထမ်းပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါ အိမ်ရာအတွင်းရှိ ဖူဆယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အိမ်ရာအတွင်းနေထိုင်ကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ/မိသားစုဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီ မိုးစပါးပန်းတိုင်စံပြကျေးရွာ၊ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအ…
May 16,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၅ ခုနှစ်၊ မိုးရာသီမိုးစပါးပန်းတိုင်စံပြကျေးရွာ၊ မျိုးစေ့ထုတ် စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား (ပထမအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နွေစပါး(မနောသုခ) စံပြကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြ
May 16,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ လိပ်ဆံခွန် (အနောက်) ကွင်းအမှတ် ၆၄၈ (ခ)၊ ဦးပိုင်အမှတ် ၁၃၄/၁ ရှိ တောင်သူဦးသန်းထွန်း၏ ၂.၄၀ ဧကရှိ မနောသုခ(မုရင်း)စပါး နွေစပါး စံပြကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က အဆိုပါ လယ်ကွင်း၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1762
Page
1763
Page
1764
Page
1765
Current page
1766
Page
1767
Page
1768
Page
1769
Page
1770
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department