ရေးမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ရေး ဇန်နဝါရီ ၆

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ဇန်နဝါရီ ၁၁ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း () အား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူများအဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများထားရှိရန် အသိပေးနှိုးဆော်ခြင်းကို ဇန်နဝါရီ ၁ ရက်မှစ၍ ညစဉ် ၇ နာရီမှ ၁၀ နာရီထိ တာဝန်ရှိသူများသည် ရပ်ကွက်အလိုက် အသံချဲစက်ဖြင့် လှည့်လည်ဆောင်ရွက်ပေးသည်။

ထိုသို့ အသိပေးနှိုးဆော်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရေးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိစေရေးအတွက် တတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို ဒီဇင်ဘာ ၂၃ မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက် အထိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများတွင်လည်းကောင်း၊ ဇန်နဝါရီ ၁၀ ရက်မှစ၍ ရွေးကောက်ပွဲကျင်းပမည့် ဇန်နဝါရီ ၁၁ ရက်နေ့မဲပေးခြင်းပြီးစီးသည့်အချိန်ထိ သက်ဆိုင်ရာမဲရုံများတွင်လည်းကောင်း ကပ်ထားကြေညာထားမည်ဖြစ်ပြီး ဆန္ဒမဲပေးခြင်းကိုဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၆ နာရီမှညနေ ၄ နာရီထိ သက်ဆိုင်ရာရပ်ကွက် အလိုက်မဲရုံများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှဖြန့်ဝေပေးသည့် မဲစာရင်းအမှတ်စဉ်များကို ယူဆောင်လာခြင်းဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲရုံသို့သွားရောက်မဲမပေးနိုင်သည့် သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်နေသူများ၊ အနာကြီးရောဂါစွဲကပ်နေသူများ၊ သားဖွားနေသူမဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများမှတစ်ဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ပုံစံ (၁၃) ဖြင့် လျှောက်ထားနိုင်ပြီးဇန်နဝါရီ ၉ ရက် နှင့် ၁၀ ရက်တို့တွင်ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေးအတွက် မပျက်မကွက် မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးကြပါရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

မင်းမင်း