Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုး ၂၀၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအ…
May 16,2025
၂၀၂၅ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်း အားကစားခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၊ ဂရိတ်ဝေါလ်ဟိုတယ်အဆောက်အဦမှ ဆယ်တင်ရရှိသော ငွေကြေးနှင့် ပစ္စည်းများအား လွှဲပြောင်းပေးအပ်
May 16,2025
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် မဟာအောင်မြေမြို့နယ်ရှိ ဂရိတ်ဝေါလ်ဟိုတယ်အဆောက်အဦ ပြိုကျပျက်စီးခဲ့ပြီး ဆယ်တင်ရရှိလာသော ငွေကြေး၊ ပစ္စည်းနှင့် စာရွက်စာတမ်းများအား သက်ဆိုင်သည့်ပုဂ္ဂိုလ်များထံ လွှဲပြောင်းပေးအပ်ပွဲကို မေ ၁၅ ရက် ယမန်နေ့ နေ့လယ် ၂ နာရီက မဟာအောင်မြေမြို့နယ် အမှတ်(၉) မြို့မရဲစခန်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်အတွင်း၌ (ဒုတိယအကြိမ်မြောက်) ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ (Ora Vacs) ကာကွယ်ဆေးများ တိုက်ကျွေး
May 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မေလ ၁၅ ရက်နေ့နံနက် (၉)နာရီအချိန်က မြို့နယ်မိခင်ကလေး ကျန်းမာရေးဌာန၌ စဉ့်ကိုင်မြို့ပေါ် (၅)ရပ်ကွက်အတွင်းရှိ အသက် (၂)နှစ်မှ (၆)နှစ်ထိ ကလေးငယ်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (Ora Vacs)ကြိုတင်ကာကွယ်နိုင်ရေး (ဒုတိယအကြိမ်မြောက်) ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများလုပ်ဆောင်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 နောက်ဆက်တွဲတက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများ သောက်သုံးရေရရှိရေးနှင့် မီးဘေးကင်းဝေး…
May 16,2025
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများ သောက်သုံးရေ အပြည့်အဝရရှိရေး၊ မီးဘေးလုံခြုံမှုရေးရှိရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ သက်ဆိုင်ရာကျောင်းများသို့ ယနေ့နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုဒေသတွင် ဘူးပင်စိုက်ပျိုးကာ အသီး/အရွက်များ တစ်နိုင်တစ်ပိုင်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ
May 16,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ၌ စိုက်ပျိုးရလွယ်ကူပြီး မိသားစုအပိုဝင်ငွေ ရရှိနိုင်သော ဘူးပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချလျက်ရှိနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပူးပေါင်းဆောင်ရ…
May 16,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယနေ့နံနက်ပိုင်းတွင် ရပ်ကွက်များအတွင်းလှည့်လည်၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ
May 16,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ (ဗီနိုင်း) စိုက်ထူပွဲကျင်းပ
May 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ (ဗီနိုင်း)စိုက်ထူပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဟင်္သာတမြို့ ဥယျာဉ်မြောက်ရပ်ကွက်ရှိ ဟင်္သာရုပ်အဝိုင်းအနီး အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1758
Page
1759
Page
1760
Page
1761
Current page
1762
Page
1763
Page
1764
Page
1765
Page
1766
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department