Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပွင့်ဖြူမြို့နယ် သူဌေးကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
May 16,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်လုံးကျော်ကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာ၌ ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့နယ်၌ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်းအခမ်းအနား ကျင်းပ
May 16,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်းခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်တင်ပွဲကျင်းပ
May 16,2025
လပွတ္တာ မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ် မေ ၂၂ ရက်မှ ဇွန် ၁ ရက် အထိ သတ်မှတ်ထားပြီး ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ကြားနိုင်စေရန်နှင့် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် လပွတ္တာမြို့၏ လူစည်ကားရာနေရာဖြစ်သည့် အမှတ်(၄)ရပ်ကွက် ဆုတောင်းပြည့်ဘုရားကြီးအနီးတွင် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်အား ယနေ့နံနက် ၇ နာရီအချိန်က စိုက်ထူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
May 16,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီခွဲအချိန်က မိုင်းခတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများထံ စာအုပ်များ ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ် သားဖွားသင်တန်းကျောင်း(ပြင်ဦးလွင်)တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကျင်းပ
May 16,2025
လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က မန္တလေးတိုင်း ဒေသကြီး၊ သားဖွားသင်တန်းကျောင်း(ပြင်ဦးလွင်)တွင် ကျင်းပရာ ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ် ကုတင် (၃၀၀) ဆံ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က စာပေဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်
May 16,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းကစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ထုတ်ပြန်ကြေညာထားရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်၌ ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းပုဒ်စိုက်ထူခြင်း ဆောင်ရွက်
May 16,2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းပုဒ်စိုက်ထူခြင်းကို မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက ပုလောမြို့နယ် ပညာရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် လပွတ္တာမြို့နယ်ရှိ…
May 16,2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက် ၉ နာရီအချိန်က ရေဆိုင်ကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာ၊ လပွတ္တာ-မြောင်းမြကားလမ်း၊ (၁၉)မိုင်အနီးရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျွဲမွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်းမျိုးပွားခြံသို့ရောက်ရှိရာ ကျွဲအထီ(၂၆)ကောင်၊ အစ်မ(၄၃)ကောင် စုစုပေါင်ကျွဲကောင်ရေ(၆၉)ကောင် မွေးမြူထားရှိမှုနှင့် စီမံဆောင်ရွက်ထားရှိမှုတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ နိုင်ငံတော်ကောင်စီအဖွဲ့ဝင်က လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1766
Page
1767
Page
1768
Page
1769
Current page
1770
Page
1771
Page
1772
Page
1773
Page
1774
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department