ပြင်ဦးလွင် ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် မြို့နယ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲထူးက အမှာစကားပြောကြားပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲ တိုင်းဒေသကြီးအဆင့်တွင် အမှတ်အများဆုံးရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ရွှေမိုးသူဇာက (၂၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် တိုင်းဒေသကြီးအဆင့်၊ ဗဟိုအဆင့်ဆုရရှိသူများအား လည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်က မြို့နယ်နှင့်တိုင်းဒေသကြီးအဆင့်တွင် အင်္ဂလိပ်စာစွမ်းရည်ဆုရရှိသူများအား လည်းကောင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သန္တာထွန်းက ((၂၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် တိုင်းဒေသကြီးအဆင့် ဆုရရှိသူများအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ အ.ထ.က(ခွဲ)အ.လ.က(၁)မှ ကျောင်းသား/ကျောင်းသူလေးများက တေးသီချင်းများ ကပြဖျော်ဖြေခဲ့ကြပြီးနောက် ခရိုင်ပညာရေးမှူး ဦးကျော်ကျော်မွန်က၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်၀င်တန်းအောင်ချက် အများဆုံးကျောင်းများ၊ မြို့နယ်ပညာရေးမှူး ဒေါက်တာမြတ်စိုးမိုးက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု (Clean& Green School Award) ရရှိသော ကျောင်းများနှင့် ထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက တေးသီချင်းများဖြင့်ဖျော်ဖြေခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)