အမြို့မြို့အနယ်နယ်သတင်းများ

Dec 28,2025
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်  နံနက်ပိုင်းတွင် ကျောက်ဆည်မြို့နယ် ရှိမဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးနေမှုများကို ကြည်ရှုခဲ့ကြောင်း သိရသည်။
Dec 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအ​ထွေထွေ ရွေးကောက်ပွဲအတွက် ပြည်တွင်းမှပေးပို့လာသော ကြိုတင်မဲများ ဖွင့်ဖောက်ခြင်းကို ယမန်နေ့ည‌နေ ၄ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ကျင်းပရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်  ဦးတင့်နိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ပါတီကိုယ်စားပြုကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုကြသည်။
Dec 28,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ်သားရောင်းချသည့် ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးသည်။                                  
Dec 28,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်း ရေးမှူး ဦးတိုးဝင်းတို့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့်တာဝန်ရှိသူများ၊ တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဗျိုင်းအင်းကျေးရွာအဝင်လမ်း သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြပ်မတ်စစ်ဆေးခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ရပ်/ရွာ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် အမြဲမပြတ်ဆောင်ရွက်ရေး၊ အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်သည့် အလေ့အထဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရေး ရှင်းလင်းမှာကြားခဲ့သည်။
Dec 28,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းသော ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး (အလွတ်တန်း) စက်ဘီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ပြိုင်ပွဲဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။