မိတ္ထီလာ မေ ၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်မီးသတ်ဦးစီးဌာနမှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၇ နာရီအချိန်က ရတနာမာရ်အောင်ရပ်ကွက်ရှိ သမိုင်းဝင် ရွှေမြင်တင်မဟာစေတီတော်၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ရေသပ္ပါယ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင်တို့က မေလ ၅ ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက်ရှိ သမိုင်းဝင် ရွှေမြင်တင် မဟာစေတီတော်ကြီးအား ရေသပ္ပါယ်ခြင်းနှင့် စေတီတော်ရင်ပြင်ပေါ်တွင် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)