တောင်တွင်းကြီးမြို့နယ်တွင် သဘာ၀ဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

တောင်တွင်းကြီး မေ  ၄

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် သဘာ၀ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

သဘာ၀ဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် မြို့နယ် ပြန်/ဆက်ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်၀င်းမေထွန်းက သဘာ၀ဘေးအန္တရာယ်များဖြစ်သည့် ငလျင်ဘေး၊ ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် မိုးကြိုးမုန်တိုင်းအန္တရာယ်များအကြောင်း၊ အရေးပေါ်သုံး ပစ္စည်း များနှင့် ကြိုတင်ပြင်ဆင်ရန်အချက်များ၊  အဆိုပါသဘာ၀ ဘေးအန္တရာယ်များ ဖြစ်ပေါ် လာပါက သတိပြုလိုက်နာ ဆောင်ရွက်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ သဘာ၀ဘေးအန္တရာယ်များ ဖြစ်ပေါ်ပြီးပါက ပြုလုပ်ရန်အချက်များအား အသိပညာပေး ဟော ပြောခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ကလေးငယ်များက ခင်းကျင်းပြသထားသည့် ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်‌စာစောင်များ၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ ရာသီဥတုပြောင်းလဲခြင်း သရုပ်ပြကာတွန်းများ၊အပူဒဏ်ကာကွယ်ရေး အသိပညာပေးနံရံကပ်‌စာစောင်များအား စိတ်၀င်တစား လှည့်လည် ကြည့်ရှုခဲ့ကြပြီး ဟောပြောပွဲသို့ ကျောင်းသား ကျောင်းသူ ကလေးငယ် (၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးမိုးမိုးမြင့် (ပြန်/ဆက်)