တပ်ကုန်း မေ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ဧပြီ ၂၈ ရက်ကဖြစ်ပွားခဲ့သည့် မိုးသက်လေပြင်းဘေးကြောင့် ထိခိုက်ခံခဲ့ရသော အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ထိုထောက်ပံ့ပေးအပ်ရာတွင် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တပ်ကုန်းတပ်နယ်(ကပစ-၄)မှ ဗိုလ်မှူး ကြီးသက်ဝင်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူးနှင့် အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုးနှင့်အဖွဲ့ဝင်တို့က လေဘေးသင့် အိမ် ထောင်စု(၅၃)စုအတွက် ထောက်ပံ့ငွေ(၄၅၇၉၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလပ်စတစ်ပုံးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ လေဘေးသင့်ခံရသည့် အိမ်ထောင်စုဝင်များအား ရင်းနှီးစွာ နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်